Monday, September 17, 2012

ကြည့်ပြီး စိတ်မခိုင်သူတွေ ငိုမိကြမယ် ထင်တယ်

ဆန်သွားလှူခဲ့တဲ့ ဓနုဖြူမြို့နယ် ထဲက အင်မတန် ဆင်းရဲတဲ့ ကျေးရွာလေး ထဲမှာပါ အံ့ကြီး ကျေးရွာထဲက သနားစဖွယ် အမျိုးသမီးတဦးဘ၀ပါ။ ကျမ်းမာရေး ဆေးမှူးရှိရာဆီ သွားဖို့ နှစ်နာရီကြာအောင် အထမ်းနဲ့ သွားရပါမယ်၊ မသွားနိုင်အောင် သွေးသွန်နေလို့ ဆေးမှူးကို ပင့်တော့ ရွံ့ထူလို့ ဆိုပြီး မလိုက်ပါဘူး တဲ့။ ဒါနဲ့ပဲ သွေးလွန်ပြီး ကွယ်လွန်သွားရှာတာပါ။ အခုခေတ်ကြီးမှာ ဆေးကုရင် အသက်မှီပါလျက်နဲ့ ဆေးပြုစုကုသခွင့် မရလို့ သေရတဲ့ မြန်မာတွေ ရှိနေပါသေးလား ဆိုတာ သက်သေဖြစ်အောင် မှတ်တမ်းတင်လာတာပါ။ အဲဒီလောက်တောင် ခေါင် တဲ့ ကျေးရွာတွေကို အလင်္ကာ တမန် အဖွဲ့နဲ့ အတူ ဆန်တွေ သွားလှူခဲ့ပါတယ်။